စာ ရေး ဆ ရာ အင်း လေး ကျော် သန်း ရေး သား ထား သော "အ"နှစ် လုံး ပါ ဆို ရိုး စ ကား များ ဆို တဲ့ ဆောင်း ပါး မှ ကောင် နှုတ် ချက် ဖြစ် ၏။ မြန် မာ့ လူ မှု ရေး နယ် ပယ် တွင် ပြော ကြ ဆို ကြ ရာ တွင် ၎င်း ၊ရေး သား ဖွဲ့ ဆို ကြ ရာ တွင် ၎င်း၊ "အ" နှစ် လုံး ပါ ဆို ရိုး စကား များ ပါ ၀င် နေ သည် ကို တွေ့ ရ ပါ ၏။ယင်း အ နှစ် လုံး ပါ ဆို ရိုးစ ကား များ သည် ပြော ဆို သည့် အ ကြောင်း အ ရာ၊ရေး သား လို သည့် အ ချက် အ လက် များ ၏အ ဓိပ္ပာယ် ဖွင့် ဆို ချက် ကို ပို မို လေး နက် စေ ၏။ထို စာ သား ရပ် များ ထည့် သွင်း ပြော ဆို ရေး သား ခြင်း ဖြင့်လွယ် ကူ စွာ နား လည် သ ဘော ပေါက် စေ ပါ သည်။လော လော ဆယ် တွင် အ နှစ် လုံး ပါ ဆို ရိုး စ ကား များ ကို ချ ရေး လိုက် သော အ ခါ အ တွဲ ပေါင်း ၂၅၀ ကျော် ရ ရှိ ပါ သည်။ထို စ ကား ရပ် များ မှာ ပြီး ပြည့် စုံ သေး မည် မ ဟုတ် ဘဲ များ စွာ ကျန် ရှိ နေ ဦး မှာ သေ ချာ ပါ သည်။လော လော ဆယ် တွင် စ ကား တွဲ ၂၅၀ ထဲ မှ ယ နေ့ လူ မှု ရေး နယ် ပယ် တွင်အ သုံး များ သည့် စ ကား ရပ် များ ကို ရွေး ချယ် ပြီး အ ကြောင်း အ ရာ နှင့်  ဆီ လျော် သည့် စာ ပိုဒ် များ တွင် ထည့် သွင်း ရေး သား လိုက် သည့် အ ခါ အ လွန် စိတ် ၀င် စား ဖွယ် ကောင်း သည် ကို တွေ့ ရ ပါ သည် တဲ့။

ငယ် ရွယ် သူ လော က တွင် "ဟဲ့ ဒီ သူ ငယ် က အ သက် အ ရွယ် သိပ် ကြီး ပုံ မ ပေါ် သေးဘူး။အ မျိုး အ နွယ် ကောင်း ရဲ့ လား၊ ပ ညာ အ ရည် အ ချင်း ရော ဘယ် လောက် ရှိ လဲ၊အ ပေါင်း အ သင်း များ သ လား၊အ သောက် အ စား ကင်း ရဲ့ လား၊အ လုပ် အ ကိုင် အ တည် တ ကျ ရှိ ပြီ လား၊အ စွမ်း အ စ ရှိ ရဲ့ လား၊ အ သုံး အ စွဲ နဲ့ အ သုံး အ ဖြုန်း ကော ဘယ် လို လဲ၊ အ ပျော် အ ပါး ရော လိုက် စား တတ် သ လား၊အ မူ အ ကျင့် ရော ဘယ် လို လဲ၊အ မြော် အ မြင် ရော ရှိ ရဲ့ လား၊အ ပြု အ မူ ရိုင်း စိုင်း ပြီး၊ အ ရွှတ် အ နောက် ပြော တတ် ရင် တော့ မ ကြိုက် ဘူး။အ သေး အ ဖွဲ လို့ တော့ မ ထင် နဲ့ အ ကျ အ န ကို စုံ စမ်း ထား မှ တော် ကာ ကြ မယ်"

တစ် ဖန် အ မျိုး သ မီး များ နှင့် ပတ် သက် လာ ပါ က အ ထက် ပါ အ တိုင်း မေး မြန်း မှု များ ရှိ သည် ကို တွေ့ ရ သည်။"ဟေ့ ဒီ မိန်း က လေး က အ မျိုး အ နွယ် ကောင်း ရဲ့ လား၊အ မျိုး အ မည် ကော သိ ပြီး ပြီ လား၊အ သက် အ ရွယ် ဘယ် လောက် ရှိ ပြီ လဲ၊အ လုံး အ ဖန် ဘယ် လို လဲ၊ အ ချော အ လှ ထဲ က လား၊အ သား အ ရေ စို ပြေ ရဲ့ လား၊အ ဆင့် အ တန်း ဘယ် လို ရှိ လဲ၊ပ ညာ အ ရည် အ ချင်း က ဘယ် လောက် ရှိ လဲ၊အ ပြော အ ဆို၊အ နေ အ ထိုင် ယဉ် ကျေး ရဲ့လား၊အ မူ အကျင့် ကောင်း ဖို့ လို ပါ တယ်၊အ ချက် အ ပြုတ် ရယ် ၊အ ချုပ် အ လုပ် ရယ်တတ် ရင် အ ကောင်း ဆုံး ပေါ့။အ ၀င် အ ထွက် နဲ့ အ သုံး အ ဖြုန်း နား လည် ဖို့လည်း အ ရေး ကြီး တယ် လေ။ဆက် ဆံ ရေး မှာ အ ဆင့် အ တန်း မ ခွဲ ခြား တတ် ဖို့ လို တယ်။အ တို့ အ ထောင် လုပ် တတ် ရင် တော့ ကြပ် ကြပ် သတိ ထား ရ မယ်၊ကြည့် ရ တာ တော့ အ ဆုံး အ မ လွယ် မယ့်ပုံ ပဲ"စ သည် ဖြင့် အ နှစ် လုံး ပါ စ ကား ရပ် များ ပါ ၀င် လေး နက် မှု ရှိ နေ ပုံ ကို တွေ့ ရ သည်။

လူ မှု ရေး နယ် ပယ် တွင် တစ် ဦး နှင့် တစ် တွေ့ ကြ ဆုံ ကြ သည့် အ ခါ နှုတ် ဆက် စ ကား များ ပြော ဆို ကြ ရာ တွင် လည်း အ နှစ် လုံး ပါ စ ကား ရပ် များ တွင် ကျယ် စွာပါ ၀င် နေ သည် ကို တွေ့ ရ ပြန် ၏။"ဟေ့ သူ ငယ် ချင်း နေ ကောင်း ရဲ့ လား၊ မ တွေ့ တာ အ တော် ကြာ သွား ပြီ။အ သွား အ လာ သိပ် မ လုပ် ဘူး ထင် ပါ ရဲ့၊အ လုပ် အ ကိုင် ဘယ် လို လဲ အ ခြေ အ နေ ကောင်း တယ် မ ဟုတ် လား၊ တစ် လော က အ ပေါင်း အ သင်း တစ် ချို့ နဲ့ တွေ့ တော့သူ ငယ် ချင်း အ ခြေ အ နေ ကောင်း တယ် လို့ပြော ကြ တယ်။ဤ တွင် အ မေး ခံ ရ သူ က" ထင် သ လောက် မ ဟုတ် သေး ပါ ဘူး ဗျာ။အ ချိန် အ ခါ နဲ့ အ ခြေ အ နေ ကို ကြည့် ပြီး လုပ် နေ ရ တာ...လူ တွေ က အ ကုန် အ ကျ များ တော့ အ သုံး အ စွဲ လုပ် တဲ့ နေ ရာ မှာ အ တိုင်း အ ဆ တွေ ရှိ လာ တယ်။အ ပို အ လို ကို ချင့် ချိန် လာ ကြ တယ်။အ ဆောင် အ ယောင် တွေ၊ အ ပို အ လျံ တွေ ၀ယ် မ ထား ချင် တော့ ဘူး။အ တိုင်း အ တာ နဲ့ သုံး နေ ကြ တယ်။ဒါ ကြောင့် စီး ပွား ရေး တစ် ခု အ ကြီး အ ကျယ် လုပ် တော့ မယ် ဆို ရင် အ ခြေ အ နေ ကို အစ အ ဆုံး လေ့ လာ သင့် တယ်။ဈေး ကွက် ရဲ့ အ လား အ လာကို ခန့် မှန်း တတ် ရမယ်။အ ရှုံး အ မြတ် ကို လည်း တွက် ထား ရ မယ်။ဘာ မ ဆို အ တိ အ ကျ တွက် ထား လို့ မ ရ ဘူး" စ သ ဖြင့်အ နှစ် လုံး ပါ စ ကာား ရပ် များ ကို သူ့ နေ ရာ နှင့် သူ ထည့် သွင်း လိုက် သော အ ခါစိတ် ၀င် စား ဖွယ် ကောင်း သော အ ကြောင်း အ ရာ တစ် ခု ဖြစ် လာ သည် တဲ့.....နောက် နေ့ မှ ပဲ ဆက် တော့ မယ်။ ကျန် သေး ၏ ...မ ပြီး သေး ပါ။