မိမိWebPageကို လာရောက် လည်ပတ်တဲ့ Visitor များအနေနဲ့ ၄င်းတို့စိတ်ကြိုက် ဖောင့်အရွယ်အစားကို ချိန်ဆပြီးတော့ မိမိရဲ့Pageကို ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ Script ပါ။ ကျွန်တော့် ဘလော့ဆိုဒ်ဘားရဲ့ ထိပဆုံးမှာ နမူနာ စမ်းပြီးတော့ သုံးထားကြည့်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ အောက်က ကုဒ်တွေကို မိမိဝဘ်ပေ့ချရဲ့</head> မတိုင်ခင် ထည့်ပေးပါ။

<script type='text/javascript'> function FontZoom(size) { var element = document.getElementsByTagName("div"); var components = new Array(); for(i = 0, j = 0; i < element.length; i++) { attribute = element[i].getAttribute("id"); if(attribute == "main-wrapper") { components[j] = element[i]; j++; } } for (i = 0; i < components.length; i++) components[i].style.fontSize = size+'px'; } </script> 

Note: < အစား (&+lt;)ကိုသုံးရပါမယ်။ [ကုဒ်ရေးသွင်းသည့် အခါတွင် ကွင်းစကွင်းပိတ်နှင့် + တို့ကို ထည့်သွင်းရေးသားရန်မလိုပါ။] 

ဒုတိယ အနေနဲ့အောက်ကကုဒ်ကို Sidebar သို့မဟုတ် header-wrapper မိမိထားလိုတဲ့နေရာမှာထားနိုင်ပါတယ်။
 <a href="javascript:FontZoom(14)">+</a> <a href="javascript:FontZoom(13)">Normal</a> <a href="javascript:FontZoom(12)">-</a> 

ဖောင့်ဆိုဒ်များကိုတော့ မိမိကြိုက်နှစ်သက်တဲ့ အရွယ်အစားကို သတ်မှတ်ပေးလို့ ရပါတယ်။ ဒါ့ထက် ကောင်းမွန်တဲ့နည်းလမ်း ကောင်းလေးများရှိရင်လည်း ပြောဆိုနိုင်ပါတယ်။