ဘလော့ထဲ မဝင်ဖြစ်တာနဲ့ မရေးဖြစ်တာအခုဆိုရင် ( ၁၄ နှစ် )တောင်ရှိပြီပဲ။ 

ဒီနေ့တော့ Covid ကြောင့် Quarantine ဝင်နေရပြီး ပျင်းပျင်းရှိတာနဲ့၊ ငါရဲ့ Blog လေးရှိသေးလားဆိုပြီး ဝင်ကြည့်ဖြစ်တယ်။

Template အတွက် Free Hosting မှာတင်ထားတဲ့ Image တွေမရှိတော့ဘူး။Blog က Image တွေမရှိတော့ စာကလွဲလို့ ဘာမှ မရှိတော့ဘူး။

ဇော်ဂျီနဲ့ ရေးခဲ့တာတွေအကုန်လုံး Browser က Auto Convert လုပ်ပေးနေလို့ မြင်ရသေးပေမယ့် Post တစ်ချို့ကို Unicode ပြောင်းပေးခဲ့တယ်။

စိတ်ရှိနေသေးတာနဲ့ Template အသစ်လေးပါချိန်းထားခဲ့တယ်။
အခုTemplate လေးကတော့ Mobile Phone ခေတ်နဲ့ လျော်ညီစွာ Mobile Menu နဲ့ Social Menu တွေ အရံသင့်ပါလာနေတယ်။ Phone, Tablet, Computer ဘာနဲ့ ဝင်ကြည့်ကြည့်အဆင်ပြေနေပါတယ်။



ဒါနဲ့ ပြင်ဦးလွင်မှာ မိုးတွေဆက်တိုက်ရွာနေတာ ဒီနေ့နဲ့ဆို (၃)ရက်ရှိပြီ။

WaiHin
19-8-2021 (9:05 PM)
Pyin Oo Lwin (May Myo)