"တစ်ကယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို နှစ်နှစ်ကာကာ ချစ်တယ်ဆိုရင် ကိုယ်ကလည်း သူ့ကို အကြွင်းမဲ့ ပြန်ချစ်လိုက်စမ်းပါ။ ကိုယ့်ကို ချစ်ဖော်ရလို့ ပြန်ချစ်တာ မဟုတ်ဘူးနော်။ သူက ကိုယ့်ကို ချစ်တတ်အောင်သင်ပေးလို့။ အရာရာကို ချစ်ခင်စိတ်လေးနဲ့ နှလုံးသွင်းနိုင်အောင် ကိုယ့်နှလုံးသားနဲ့ ကိုယ့်မျက်လုံးတွေကို ဖွင့်ပေးလို့ ပြန်ချစ်ပါလို့ပြောရတာပဲ။"