ဒီနေ့က စပြီးတော့ ရာသီဥတုက တော်တော်လေးကို အေးလာတယ်။ ညနေက စပြီးတော့ နှင်းတွေက ကျနေတယ်။ အခုချိန်ထိကို မရပ်သေးဘူး။ ကားလမ်းပေါ်က လွဲလို့ နေရာတိုင်းမှာ ဖွေးဖွေးဖြူပါပဲ။ နောက်လလောက် ဆိုရင်တော့ တော်တော်လေးကို အေးနိုင်ပါတယ်။ မနှစ်ကလောက် အေးမယ်လို့တော့ မထင်ဘူး။ မနှစ်ကဆိုရင် လက်ကလေးကို ခဏလောက် အပြင်ထုတ် လိုက်တာနဲ့ ဘာမှကိုင်လို့ မရတော့ဘူး။ ဘာအထိ အတွေ့မှကို မရှိတော့ဘူး။ ထုံကျင် နေတာပဲ။ မနက်ဖြန် ဆိုရင်တော့ ပြတင်းပေါက် တံခါးတွေကို အသေပိတ် ရတော့မယ်။ ဒါတင် မရသေးဘူး။ လွတ်နေတဲ့ ကြားလေးတွေ ကိုပါ တိတ်နဲ့သေချာ ကပ်ရတယ်။ နို့မို့ဆိုရင် မရဘူး။ ကြားထဲက ထွက်လာတဲ့ လေက ပိုအေးတယ်။ မြန်မာ စကားပုံတောင် ရှိသေးတယ် မလား။ ဘူးခါးရေနဲ့ ကြမ်းကြားလေက ပိုအေးတယ်လို့။ ဒီညတော့ ကွေးလို့ကောင်းပြီ... ချမ်းချမ်းလေးနဲ့။