သက် ကြီး ရွယ် အို ပြော စ ကား "အ သက် အ ရွယ် က ထောက် လာ ပြီ ဆို တော့ အ စား အ သောက်အ နေ အ ထိုင်၊ အ သွား အ လာ တွေ ဆင် ခြင် ရ တော့ မယ်။လှေ ကား အ တက် အ ဆင်း က စ ပြီး သ တိ ထား ရတယ်။ရာ သီ အ ပြောင်း အ လဲ ကို လဲ ဂ ရု စိုက် ရ တယ်။အ ချိန် အ ခါ ကြည့် ပြီး ရေ ချိုး ရ တယ်။အ တိမ်း အ စောင်း မ ခံ တော့ ဘူး။အ စား အ သောက် က လဲ အ ရင် က လို မ ဟုတ် တော့ ဘူး။အ တိုင်း အ ဆ နဲ့ စား နေ ရ တယ်။စား ချင် တိုင်း စား လို့ မ ဖြစ် တော့ ဘူး။အ ဆီ အ စိမ့် တွေ ကို ရှောင် အ ချို အ ငန် တွေ ကို တတ် နိုင် သ လောက် ရှော့ ပြီး စား ရ တယ်။အ ခြောက် အ ခြမ်း နဲ့ အ ကြော် အ လှော် တွေ ကို ကြိုက် လွန်း လို့ မ ပြတ် လုပ် ထား တယ်။ဆ ရာ ၀န် က တော့ အ သီး အ နှံ များ များ စား ပေး ဖို့ ပြော တယ်။အ သက် က စ ကား ပြော လာ ပြီ ဆို တော့ အ ၀တ် အ စားအ လှ အ ပ တွေ ၀တ် ဖို့ လဲ မ လို တော့ ဘူး။အ ပျော် အ ပါး စိတ် လဲ မ ရှိ တော့ ဘူး။ဒီ အ ရွယ် ရောက် လာ ရင် စိတ် ချမ်း သာ ဖို့ အ ရေး ကြီး တယ်။ဒါ ကြောင့်အ ရှုပ် အ ရှင်း ကင်း အောင် နေ၊အ လှု အ တန်း လေး တွေ လုပ်၊ဘာ ၀ နာ ပွား၊ဘု ရား ရဲ့ အ ဆုံး အ မ ကို အ မြဲ နှ လုံး သွင်းထား ရင် စိတ် ချမ်း သာ တယ်။အ သက် အ ရွယ် ကြီး လာ တဲ့ အ ခါ အ ပေါ့ အ ပါး ခ ဏ ခဏ သွား တာ မျိုး ဖြစ် လာ တော့ အ ပေါင်း အ သင်း တွေ ဆီ အ သွား အ လာ သိပ် မ လုပ် တော့ ဘဲအိမ် မှာ ဘဲ အေး အေး လူ လူ နေ တော့ တယ်။

ပြီး တော့ မျက် စိ ကလည်း မှုန် လာ တယ်။နား က လည်း လေး ချင် လာ တယ်။ဒီ တော့ အ ကြား အ မြင် အာ ရုံ က သိပ် မ ကောင်း တော့ ဘူး။အ ရောင် အ သွေး ရုတ် တ ရက်မ ခွဲ ခြား နိုင် ဘူး။သား သ မီး တွေ ရဲ့ အ ကူ အ ညီအ ထောက် အ ပံ့ နဲ့ အ သက် ရှင် နေ ရ တယ် လို့ ဆို ရ မှာ ပဲ။လူ ရယ် လို့ ဖြစ် လာ ရင် အ ပူ အ ပင် ကင်း ရ တယ် လို့ မ ရှိ ပါ ဘူး။လော က ကြီး မှာ အ ဖြစ် အ ပျက် တွေ ကို ကြည့် လိုက် ရင်အ ရှုပ် အ ထွေးအ ချစ် အ မုန်း တွေ နဲ့ ပြည့် နေ ပါ က လား။ဘ ၀ ဆို တာ အ ပြေး အ လွှား လှုပ် ရှား နေ ရ ပြီး အ ခက် အ ခဲ အ မျိုး မျိုး တွေ ကို အ သက် အ ရွယ် အ လိုက် ကျော် လွှား ဖြေ ရှင်း နေ ရ တယ် ဆို တာ သိ တယ်..."တဲ့။ဒါ ပါ ပဲ ခင် ဗျာ။နောက် ထပ် အ နှစ် လုံး ပါ စ ကား လုံး များ ကျန် ရှိ နေ သေး တယ် ဆို ရင် လည်းဖြည့် စွက် ပေး သွား ပါ ရန်...