Download

မင်းနဲ့ငါမတွေ့ဘူး ပဲနဲ့ဖုန်းထဲမှာပဲ ချစ်ခဲ့ကြတယ်... တွေ့ချင်လို့ အပြင်မှာ ချိန်းတော့ မင်းကငါ့ကို လာမတွေ့တယ်...
သူငယ်ချင်းတွေ လှောင်ပြောင်ပြောတော့ ငါ့ရင်ထဲမှာ ခံစားရတယ်...ရုတ်တရက် မထင်မှတ်ပဲ...
ကောင်လေး တစ်ယောက်နဲ့ သွားတွေ့မိတယ်...ဖုန်းထဲမှာ မင်းပြောထားတဲ့ ပုံစံလေးနဲ့ တူတော့ဆွေးတယ်...
မင်းဖုန်းကို လှမ်းဆက်ကြည့်တော့ မင်းကအိမ်မှာ ရှိနေခဲ့တယ်...မင်းဖုန်းနံပါတ် မေ့လို့မရဘူး...မင်းနဲ့ဆို ညသန်းခေါင်ယံ ဖုန်းပြောရတာငါစွဲလမ်း...မမြင်ဘူးလို့ ဖုန်းနတ်သမီးလဲ မင်းငါ့ကိုလာလာ မရွှီးနဲ့...ငါ့စိတ်ကပုံရိပ် ဖော်တာ အပြုံးနဲ့ ဆန္ဒတစ်ထပ်တည်းနော်...မရှက်ပဲနဲ့ ပြောပြရရင် မင်းကိုငါမေ့မရပါ...တွေ့ခွင့်သာဆုတောင်းနေတာ ဘယ်အချိန်သာ ပြောပြခဲ့ပါ...
***(ချိုသာလွန်းတဲ့ စကားသံတွေ ငါစွဲလမ်းမိတယ် ဒီရင်ထဲမှာ... တယ်လီဖုန်းနဲ့ ချစ်သူရေ တို့တတွေ မတွေ့ဘူးပဲနဲ့ ချစ်ခဲ့ကြတာ... ဒီအချိန်မှာ ထားခဲ့ပြီလား တယ်လီဖုန်း ဘေးတစ်ယောက်ထဲငါ... ဘယ်အချိန်မှာ တွေ့ဆုံနိုင်မလဲ တယ်လီဖုန်းနဲ့ မင်းပြောခဲ့ပါ။)

အခုငါက ဖုန်းတွေပြော စိတ်တွေလော...ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ မေ့လိုက်ပေါ့...ဆံပင်တွေက ဂုတ်ထောက် အရပ်ကလေးက ပုခုံးအောက်...နင်ပြောတဲ့ပုံစံတွေက မေ့လောက်...အသေအချာဝေခွဲမရ အပြင်မှာချိန်းတာ ခဏခဏ...မမြင်ဘူးဘဲ ချစ်ခဲ့ရတဲ့ ချစ်သူဘ၀ကို မေ့မရ...အတိအကျ ပြောရဲတာတော့ ဖုန်းဘေးမှာကျောက်ချ ဖုန်းပြောရင်း အမိန့်ပေးတဲ့ မင်းကိုကြောက်ရ...အဓိကဖြစ်နေတဲ့ ငါတို့နှစ်ယောက်ရဲ့ အဖြစ်က မမြင်ဘူးပဲသ၀န်တိုကာ ချစ်မ၀...အဖြစ်တွေ မသေမသပ်နဲ့ အခုဘ၀ မဖြစ်ရ တဒိန်းဒိန်းဖြစ်နေတဲ့ ရင်ခုန်သံကိုထိန်းမရ...
***( )
မြနန်းဆောင်မှာ မင်းအသံနဲ့ရင်းနှီးရ အဝေးကြီးက စွဲလမ်းမိသူငါ့ရဲ့ဘ၀ ဖုန်းမြည်သံကြားတိုင်း လွမ်းခဲ့ရနေ့နဲ့ည...အိပ်မရစိတ္တဇ သောကတွေနဲ့ဘ၀ မသေချာမရေရာ ငါ့ရဲ့အဖြစ်က မင်းပြောဘူးတဲ့ စကားတွေကိုလည်း အခုအခါမှာ လွမ်းရမ်း ငါ့စိတ်ကကြမ်းတမ်း...ဖုန်းပြောခဲ့တဲ့ မင်းအသံကိုစွဲလမ်း ငါကအမြဲတမ်း မနက်မနက် မင်းဖုန်းလားလို့ စောင့်နေ ညဘက် မင်းအသံကြားချင်လို့လေ...သွေးပျက် ခြောက်သွေ့လွန်းတဲ့နေ့တွေ မတွေးတတ် ရောက်မလာခဲ့နေ့တွေ...
***( )
အရှုံးတွေနဲ့ ပြည့်နှက်နေတဲ့ငါ့ဘ၀ကို ရက်စက်ပြီးတော့ ထားခဲ့ပြီလား ဖုန်းဆက်တဲ့ငါကပဲ အမှားကြီးကို မှားခဲ့ပြီလား လှပခဲ့ငါ့အိမ်မက်တွေ...အခုအချိန်မှာ ပျောက်ကွယ်လို့သွားပြီ မင်းငါ့ကိုပြောခဲ့တဲ့ စကားသံတွေ အမြဲတမ်းပဲ သတိရစွာမေ့မရဘဲ...အပြင်မှာချိန်း တွေ့ရင် မလာခဲ့တော့ မင်းနဲ့ငါနဲ့မတွေ့ရဘဲ အိမ်မက်ထဲမှာ စာစီထား...မင်းကိုပြောဖို့ ငါ့ရဲ့အလွမ်းသံများ မင်းလေးကြားရဲ့လား...
***( )