ကျွန်တော့် စိတ်ထဲမှာ တစ်ခါတစ်လေ အရမ်းခံစား ချင်တဲ့Feeling လေးတစ်ခုရှိတယ်။ ဘာလည်းဆိုတော့ မိမိရဲ့ ဘာသာစကားကို တစ်ကမ္ဘာလုံး နီးပါးက ပြောနေကြတဲ့ လူမျိုးတွေရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားမှုမျိုးကို တစ်ခါလောက်တော့ ခံစားချင်တယ်။ အထူးသဖြင့် အင်္ဂံလန်ပေါ့။ မြန်မာစကား ပြောတတ်တဲ့ နိုင်ငံခြားသား ဆိုတာ တော်တော်လေးကို ရှားပါးပါတယ်။ လက်ချိုး ရေလို့ရတယ်။ ကျွန်တော် မြန်မာစကား ပြောတတ်တဲ့ ရုရှား(၄)ယောက်ကို တွေ့ဘူးတယ်။ သုံးယောက်က မြန်မာနိုင်ငံကို ရုရှားစာ လာသင်တဲ့ သူတွေဖြစ်ပြီး ကျန်တဲ့နှစ်ယောက်က ဒီကိုရောက်မှ တွေ့တာ။ တစ်ယောက်က ဒီနိုင်ငံက တက္ကသိုလ် တစ်ခုမှာ အရှေ့တိုင်း ဘာသာကို သင်နေတဲ့ သူပါ။ သူပြောတာ ကတော့ မြန်မာစာဟာ အင်္ဂံလိပ်စာ ထက်ခက်တယ် ဆိုပဲ။ အဓိက ကသူတို့တွေ အတွက် အခက်ဆုံး လိုလို ဖြစ်နေတာက မြန်မာစာမှာ မေးခွန်းပုံစံ ဖြစ်တဲ့ "လား"နဲ့"လဲ"ပဲ။ သူတို့တွေ ခဏခဏ မှားနေတာ အဲဒါကို။ထမင်းစား ပြီးပြီလဲ... တို့ ဘယ်က ပြန်လာတာလား... အဲဒီလို မှားမှားနေတာ။ တော်တော်လေးတော့ ရယ်ရတယ်။ အဲဒီလို နိုင်ငံခြားသား တစ်ယောက်သည် မြန်မာစကား ပြောသောအခါ ကျွန်တော်ပီတိ ဖြစ်ရပါ၏။ အော်...ဒါနဲ့ နောက်တစ်ယောက် ကျန်သေးတယ်။ သူကတော့ ကျွန်တော်တို့ကို ဘာသာစကား သင်ပေးတဲ့ ဆရာမပါ။ သူက မြန်မာလိုတော့ မပြောတတ်ဘူး။ ဒါပေမယ့် သူက မျိုးကျော့မြိုင် ရဲ့"ကာရံလေး" သီချင်းကို ကျွန်တော်တို့က ဂစ်တာတီးပေးရင် အထစ်အငေါ့ မရှိ ဆိုနိုင်ပါတယ်။ ထိုအခါ မျိုးတွေဆိုရင်လည်း ကျွန်တော် ဝေဟင်သည် ပီတိ ဖြစ်ရပါ၏။ အခုလို တစ်ယောက် နှစ်ယောက် လောက်လေးတင် မြန်မာစကား ပြောတာကို မြင်ရပြီး၊ ကြားရပြီးတောင် ဒီလောက် ဖြစ်နေရင်... သူတို့ရဲ့ စကားကို တစ်ကမ္ဘာ လုံးနီးပါး အင်တာနေရှင်နယ် Language အဖြစ် ပြောနေကြတဲ့ အင်္ဂံလိပ် လူမျိုးတွေရဲ့ ခံစားမှုကို တစ်မိနစ် လောက်ဖြစ်ဖြစ် ခံစား ကြည့်ချင်တယ်...