မြန်မာနိုင်ငံမှာ ကျွန်တော် အခုပြောပြမယ့် ဒေသမျိုးလေးလို နေရာတွေလည်း ရှိပါသေးတယ်။ ဘယ်လိုလည်း ဆိုတော့ ကျွန်တော်တို့ ၂၀၀၅ သင်္ကြံန်ကို လည်ဖို့အတွက် ကျွန်တော်တို့ဟာ ဦးလေးဆီကနေ ဂျစ်ကား သွားယူခဲ့တယ်။ အဲဒီအချိန်မှာတော့ ဘာမှမတွေခဲ့ရ သေးပါဘူး။ ဒါပေမယ့် ကားကိုပြန်ပို့တဲ့ အချိန်မှာ မြင်းခြံနဲ့ မန္တလေး ကြားမှာရှိတဲ့ ရွာလေးတစ်ရွာကို ရောက်တော့ ကားအင်ဂျင်ကလည်း ပူနေပြီဆိုတော့ ခဏနားခဲ့တယ်။ ကားကိုရေဖြည့်၊ ဆီဖြည့်ပေါ့။ အဲဒီရွာလေး ရဲ့နာမည်ကိုတော့ မသိတော့ပါဘူး။ အဲဒီအချိန်မှာ ဒီကိစ္စက စတာပါပဲ။ ကလေးမလေး တစ်စုပေါ့ဗျာ ကျွန်တော်တို့ကား ရှိရာကို အပြေးလာကြတယ်ဗျာ။ ပြင်ဦးလွင် သွားသွား ဘယ်သွားသွား ကားရပ်နားပြီဆိုတာနဲ့ မုန့်သည်တွေ အပြေးအလွှား လာတတ်သလိုမျိုးပေါ့။ ဒါပေမယ့် သူတို့ဒေသမှာ အဲဒီလို စျေးဘန်းနဲ့ စျေးရောင်း နေကြတာ တော်တော် များများဟာ ကလေးတွေဘဲ များနေတယ်။ ကျွန်တော်နဲ့ဘဲ တိုက်ဆိုင်တာလား မသိဘူးပေါ့နော်။ အဲဒါကတော့။ အဲဒီကလေးတွေ ရောင်းတာကတော့ အစုံပါပဲဗျာ။ ငုံးဥပြုတ်တို့ ၊ ပုစွန်ကြော်တို့ ၊ကွမ်းယာတို့ ၊ ဆေးလိပ်တို့ပေါ့ဗျာ။ ဒီအချိန်မှာ ကျွန်တော်တို့ထဲက သူတစ်ယောက်က အနားကို ရောက်လာတဲ့ စျေးသည်တွေထဲက ငုံးဥရောင်းတဲ့ ကောင်မလေး တစ်ယောက်ကို ပါးစပ်ဆော့ပြီး စလိုက်တယ်။ ကောင်မလေးက တော့အသက် ၁၂နှစ်လောက် ပါဘဲ။ လူငယ်တွေ ဆိုတော့လည်း ဘာရည်ရွယ်ချက် နဲ့မှတော့ မဟုတ်ပါဘူး။ "ဟိတ်ကောင်မလေး ငုံးဥတွေက အလကား ဝေတာလား"... လို့မေးလိုက်တယ်။ သိသိကြီးနဲ့ မေးတာပေါ့ဗျာ။ ကျွန်တော်တို့က ၀ယ်စားဖို့တော့ ရည်ရွယ်ချက် မရှိပါဘူး... အဲဒီမှာ သူက မရတော့ဘူး။ ကျွန်တော်တို့က ၀ယ်မယ်ထင်ပြီးတော့ ၀ယ်ပါ၀ယ်ပါ လုပ်တော့တာဘဲ။ ကျွန်တော် ကလည်း ငုံးဥဆိုမကြိုက်။ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်... ဒါနဲ့ပဲ မဝယ်ချင်တာနဲ့ ဉာဏ်နီဉာဏ်နက် တွေက သုံးတော့တာပေါ့။ မဝယ်ချင်ဘူး ပြောလည်းမရ၊ ဘာပြောပြော မရတဲ့အဆုံး ကျွန်တော်က ဒီလိုလေး ပြောလိုက်တယ်... "ဟိတ်ကောင်မလေး...နင်တို့ ငုံးဥတွေကို ခွါကျွေးမယ် ဆိုရင်တော့ ၀ယ်စားမယ်လို့" ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော် မထင်ထားတဲ့ တုံ့ပြန်မှုတစ်ခုကို ရလိုက်တယ်။ ဘယ်လိုမှကို မထင်ထားဘူး။ တော်ရုံစျေးသည်နဲ့ ဆိုအဲဒီလို ပြောလိုက်ရင် လစ်ပြီ။ ဒီကောင်တွေက တကယ် ၀ယ်မစားဘဲနဲ့ သက်သက်မဲ့ ရစ်နေတာ ဆိုပြီးတော့။ ဒီကောင်မလေး ကတော့ အစ်ကိုတို့ တစ်ကယ် ၀ယ်စားမှာလား ဆိုပြီးတော့ ကျွန်တော်တို့ ထိုင်နေတဲ့ ထမင်းဆိုင်ရဲ့ စားပွဲမှာ ချပြီးတော့ ငုံးဥတွေကို တကယ်ခွာ ပေးတယ်ဗျာ။ မြန်တာမှ တော်တော်လေးကို မြန်တာ... ငုံးဥခွာတဲ့ နေရာမှာ။ ဟိုကောင်တွေ စားသလောက်ကို မှီအောင်ခွာနိုင်တယ်။ လေးစားတယ်။ ကျွန်တော် ထင်တာက ဒီကောင်မလေးရဲ့ အလုပ်က ငုံးဥရောင်းတဲ့အလုပ်၊ ဒါမို့လို့ ဒီလောက် ကျွမ်းကျင်တာပဲလို့ ထင်ခဲ့တယ်။ နောက်မှ သူဆီက အကြောင်းစုံကို သိလိုက်ရတော့ ပိုပြီးတော့ သနားသွားတယ်။ သူအသက်ကို ကြည့်ပြီးတော့ ဒီကောင်မလေးက ကျောင်းနေတဲ့ အရွယ်ဆိုတော့ ပညာရော သင်ပြီလားလို့ မေးတော့... သူက ခြောက်တန်းလို့ ပြောတယ်။ ဒါဆိုနောက်နှစ် ခုနှစ်တန်းတက်ဖို့ ကျောင်းရော အပ်ပြီးပြီလားဆိုတော့... ဒီနှစ်တော့ သူကျောင်း မတက်နိုင်ဘူးတဲ့။ ဒါနဲ့မိဘကို ကူပြီးတော့ စျေးရောင်းနေတာတဲ့။ ဒီနှစ် အထက်တန်းကျောင်းကို သူများရွာက ယူသွားလို့တဲ့။ သူကဆက်ပြီးတော့ ပြောပြတယ်... ဥပမာ- သူတို့ဒေသမှာတဲ့ ရွာငါးရွာ ရှိရင် အဲဒီ ရွာတွေထဲက စီးပွာရေး အတောင့်တင်းဆုံးရွာက အထက်တန်းကျောင်းကို ရတယ်။ ကျန်တဲ့ရွာတွေက အဲဒီရွာမှာဘဲ ကျောင်းကို သွားတက်ရတယ်။ ပြီးတော့ တစ်ရွာနဲ့တစ် ရွာကလည်း တော်တော်လေးကို လှမ်းပါတယ်။ သူတို့အိမ်ရဲ့ စီးပွားရေး အခြေအနေနဲ့၊ သူတို့ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေ နဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပဲ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေဟာ အဲဒီကောင်မလေး ဆီကပဲ ငုံးဥတွေကို အားပေးခဲ့သည်။ တော်တော် လေးကိုအားပေးခဲ့သည်။ ပါဆယ်ပါဆွဲလာ ခဲ့သေးသည်။ ကောင်မလေးလည်း တော်တော် တော့ပျော် သွားပုံပါပဲ။ ကျွန်တော်တို့ ဘက်ကလည်း တတ်နိုင်တာက ဒီလောက်ပဲလေ။ ဒါကြောင်မို့လို့ လောကကြီးမှလည်း အဲဒီလို အဲဒီလို သနားစရာတွေ ကအများကြီးပါပဲဗျာ....