ငါ့ဘာသာ နေ့စဉ်နေ့တိုင်း ထမင်းချက်ပြုတ် စားရတာ ကြာလာတော့ စိတ်ကုန်တယ်။ အစကတော့ ပျော်သလိုလို ရှိသေးတယ်။ နောက်ကြာလာတော့ နေမြင့်လေ အရူးရင့်လေ ဆိုသလိုပဲ ပျင်းပျင်းလာတယ်။ ဒါကြောင့် တစ်ခါတစ်လေ ဆိုရင်ဖြစ်သလိုဘဲ ချက်စားလိုက်တယ်။ ခေါက်ဆွဲပြုတ်နဲ့ ကြက်ဥကျော် နဲ့ပြီးတဲ့နေ့တွေ ကလည်းမနည်းဘူး။ နည်းနည်းချက်ဖို့ ပြုတ်ဖို့နည်းနည်း စိတ်ပါတဲ့နေ့ ဆိုရင်တော့ မြန်မြန် ကျက်လွယ်တဲ့ ငါးသေတ္တာတို့၊ အသားဘူးတို့ နဲ့ဘဲဝါးလိုက်တယ်။ အဲဒါထက် ပိုပြီးတော့ စိတ်ပါရင်တော့ လုံးဝအမှန်အကန် ချက်တယ်။ ဒါပေမယ့် အရသာကတော့ ဒီအရသာပါပဲ။ ဘာမှမပြောင်းဘူး ဒီလိုဘဲ ချက်တတ်တာကိုး။ ဒီ့ထက်လည်း အရသာရှိအောင် မလုပ်တတ်တော့ဘူး။ ဒီရောက်မှပဲ ယောကျာႍး စားဖိုမှုးကြီးကို လုံးဝဥသုန် အစစ်အမှန် ဖြစ်တော့တာဘဲ။ အဲဒီလို အချိန်မျိုး တွေမှာဆိုရင် အိမ်ကိုပိုပြီးတော့ သတိရတယ်။ တစ်ခါတစ်လေဆိုရင် စိတ်ကူးကြည့်တယ် ဘာမှမချက်ဘဲနဲ့ ရွှေတောင်တန်းက ကြေးအိုးတို့၊ ကုံးထက်က ကြက်ဆီထမင်းတို့၊ ၀င်းဝင်း အကင်ဆိုင်က မာလာငါးဟင်းတို့ကို ထမင်းလွတ်များ သွားဝါးလိုက် လို့ကတော့ ဘယ်လောက်များ ကောင်းလိုက်မလဲလို့။ ပြောရင်းနဲ့ သရေကျလာပြီ။ တော်ပြီ ဆက်မပြော တော့ဘူး။ မဖြစ်နိုင်သေးမှန်း သိလျှက်နဲ့ စိတ်ကူး ဆက်မယဉ်တော့ဘူး။