
(၁)မန္တလေး နာရီစင်ကြီးနှင့် စျေးချိုရုံကြီး ဖြစ်သည်။ နာရီစင်၏ နောက်တည့်တည့်ရှိ အဆောက်အအုံမှာ တိုက်တန်း ဖြစ်သည်။ ဘာကြောင့်လည်းတော့မသိ မန္တလေးသားမှန်သမျှ ထိုသို့သာ ခေါ်ဝေါ်ကြသည်။ ပုံများတွင်ရှုပါ မန္တလေးမြို့သည် တော်တော်လေးကို သန့်ရှင်းလာသည်။ အပိုမဟုတ်ပါ တဂယ်ပါ။

(၂)မန္တလေးစျေးချိုတော် ကြီး

(၃)မန္တလေးတိုက်တန်းနှင့် စျေးချိုရုံသစ်ကြီး အကြား ၈၄လမ်းနေရာ။ ၂၇လမ်း နှင့်၈၄လမ်း ရှိဂုံးကျော်တံတား လေးပေါ်မှ မြင်ကွင်းဖြစ်သည်။ ထိုနေရာ၌ ညအခါတွင် ညစျေးတန်း ရှိသည်။ ယခုတော့မသိ။ ညစျေးတန်းရှိ ထိုးမုန့်မှာ အလွန်စား၍ ကောင်းသည်။ တစ်ဆိုင်လျှင် တစ်တုံးနှုန်း မြည်းပါက ပိုက်ဆံမကုန် ၊ ဗိုက်ပြည့်သည်။ :P

(၄)မန္တလေးမြို့ ကျုံးမြောက်ဘက် တွင်ရှိသော သုဓမာဇရပ်များ ထဲမှတစ်ခု ဖြစ်သည်။ ထိုနေရာများ တွင်ညအခါ၌ အလွန်အတွဲပေါသည်။

(၅)ယခုလိုအချိန်မျိုးတွင် မန္တလေး၌ ဘုရားပွဲများ အတွက်အလှူခံများ အလွန်ပေါများသည်။ ၄င်းတို့အထဲမှ ထူးထူးဆန်းဆန်း ၀တ်စားကာ အလှူခံသော အဖွဲ့တစ်ခု ဖြစ်သည်။
4 Comments
ညဈေးတန်းသွားပြီး အန်ကယ်ကြီး ၀က်သားဒုတ်ထိုးကို အ၀တွယ်လိုက်ချင်တယ်ကွာ ... ထိုးမုန့်ကတော့ ပြီးမှာ အချိုတည်းတာပေါ့ ဟားဟား
ReplyDeleteကိုချမ်းမြစိုးကတော့ ၀ါးတီးဖွင့်မယ် ဆိုတာကြီးဘဲ။ ဘယ်လောက်များအားခဲ ထားလဲမသိဘူး။ :D
ReplyDeletethanks for the Mdy pics.
ReplyDeleteအောက်ဆုံးက အလှုခံပုံကိုတော့ သဘောအကျဆုံးပဲဗျာ။ ထူးထူးဆန်းဆန်း ..
ReplyDeletePost a Comment