အဖြစ်အပျက်က ဒီလိုရှိတယ်ခင်ဗျ။ ဇာတ်ကောင် နှစ်ယောက်ထဲနဲ့ ဒီဇာတ်လမ်းက ဖြစ်သွားတာ။ ဒီကောင်တွေကတော့ ကျွန်တော့်အခန်းဖော် ဂီးဂီး၊ နောက်တစ်ယောက်က ကျွန်တော်တို့ အခေါ် ကလေး။ မနက်ခင်း ကျောင်းသွားခါနီးမှာ ဂီးဂီးတစ်ယောက် မေးလ်တွေစစ်နေတာကို ကျွန်တော်တွေ့တယ်။ ပြီးတာနဲ့ ကျွန်တော်တို့နှစ်ယောက် ကျောင်းသွားကြတယ်။ တစ်ခုထပ်ပြောဦးမယ် ဂီးဂီးကွန်ပျူတာရဲ့ ပါ၀ါဆပ်ပလိုင်းက သိပ်မကောင်းတော့ဘူး။ ကွန်ပျူတာကို ရှပ်ဒေါင်းချ ပြီးရင်ပါ၀ါက သူ့ဘာသာ အော်တိုကို ပြန်ပြန်တက်လာတယ်။ ဘာဖြစ်တာ လဲတော့သိဘူး။ ဒါကြောင့်မို့လို့ သူ့ခမျာ ကွန်ပျူတာကို ပိတ်ပြီးတိုင်း အမြဲတမ်း ပါ၀ါကြိုးကိုပါ ဖြုတ်ဖြုတ် ထားခဲ့ရတယ်။ ဒီနေ့လည်း အရင်လိုဘဲပေါ့ ပါ၀ါကြိုးကို ဖြုတ်ပြီးတော့ ကျောင်းကိုသွားတယ်။ အခန်းကိုတော့ သော့မပိတ်ခဲ့ဘူး။ ဒါအလေ့အထပါ။ ဘယ်တုန်းကမှလည်း မပိတ်ဘူး။ ဘာပစ္စည်းမှလည်း မပျောက်ဘူး။ ဒါပေမယ့် ဒီနေ့တော့ ဂီးဂီးကျောင်းကနေ ပြန်လာတော့ ကွန်ပျူတာကို ဖွင့်မယ်လည်းလုပ်ရော ပါ၀ါကြိုးကြီးက မရှိတော့ဘူး။ ဟား.. ဆိုပြီးတော့တောင် အသံထွက်သွားတယ်။ ကျွန်တော့နားနဲ့ကို သေချာကြားလိုက်တာ။ ပြီးတော့ဟေ့ကောင် သက်ဝေရေ ငါ့ရဲ့ပါ၀ါကြိုးကြီး ဘယ်သူတိုသွားလည်း မသိဘူးတဲ့။ ကျွန်တော်ကလည်း "ဟာ.. မဖြစ်နိုင်တာကွာ ငါ့တို့ဆီမှာ ဘာပစ္စည်းပျောက်တဲ့ အလေ့အထရှိ လို့လဲဟ" အဲဒီလိုပြောတော့ ဂီးဂီးက တစ်ဂယ်ဟ မင်းမယုံရင် လာကြည့်ဆိုတော့ သွားကြည့်လိုက်တာ တစ်ဂယ်မရှိတော့ဘူးဗျ။ နောက်ပြီးတော့ ထူးခြားတာက အခန်းထဲကတော့ ဘာပစ္စည်းမှတော့ မပျောက်ဘူး။ အဲဒီပါ၀ါကြိုးတစ်ချောင်း ထဲပဲပျောက်တာ။ ကျွန်တော်က "မင်းကို သူများ စတာနေမှာပါ ဆိုပြီးတော့" ပြန်ပြီးတော့ လာအပေးကို စောင့်နေတယ်။ တစ်ညနေလုံး ပေါ်မလာဘူး။ ဒါပေမယ့် ခုကလေးတင်ဘဲ ဟိုကလေး ဆိုတဲ့ကောင် ရောက်လာတယ်။ ပြီးတော့ မအူမလည်နဲ့ ကျွန်တော့်ကို "ဟေး.. သက်ဝေ ငါမနက်က မင်းတို့ဆီက ထမင်းပေါင်းအိုးကြိုး ယူသွားတယ်ကွ။ မင်းတို့မရှိလို့ ငါဒီအတိုင်းဘဲ ယူသွားတယ်" တဲ့။ "ပြီးရင်ငါပြန်လာ ပေးလှဲ့မယ်တဲ့"။ အဲဒီမှာတင် ကျွန်တော် သဘောပေါက်လိုက်ပြီ။ ဘာလို့လည်းဆိုတော့ အခန်းထဲက ထမင်းပေါင်းအိုးကြိုးက ပျောက်မှမပျောက်ဘဲကိုး။ နောက်တော့တစ်ခန်း လုံးကိုဆူညံသွားတာဘဲ။ ဂီးဂီးကဖြဲတယ် ဟိုကလေးကို ဟေ့ရောင်ပြန်ပေး အခုပြန်လာပေးတဲ့။ ဟားဟား... ဟိုကလေးကလည်း မခံဘူး။ အေးပါဟ ပြန်ပေးမှာပါ မင်းကြိုးကို ငါကအပိုင် မယူပါဘူးတဲ့။ ငါကထမင်းချက်စရာ ကြိုးကမရှိတော့လို့ မင်းကြိုးနဲ့ခဏ ယူချက်တာဆိုဘဲ။ :D ထမင်းနှစ်အိုး တောင်ကျက်ပြီတဲ့။ မှားတဲ့အခါလည်း မှားပေမပေါ့။