တစ်ခါတုန်းက ကျောင်းတစ်ခုမှာတဲ့ ဆရာမက ကျောင်းသား တစ်ယောက်ချင်းစီကို လူတွေ့စာမေးပွဲစစ်တယ်။ အဲဒီမှာ အန်သွန်ဆိုတဲ့ ကျောင်းသား တစ်ယောက်ရဲ့ အလှည့်ကို ရောက်လာရောတဲ့။ ဒါနဲ့ ဆရာမက ကျောင်းသားကို မေးခွန်း မေးရန်အတွက် အခန်းထဲကို ခေါ်လိုက်တယ်။ ပြီးတော့ ကျောင်းသားကို ဆရာမကစပြီးတော့ ပြောတယ်။

ဆရာ - "ကဲအန်သွန်..မင်းကို Question တစ်ကြောင်းထဲ မေးပြီးတော့ ဖြေရခက်တဲ့ မေးခွန်းကို မေးရမလား၊ ဒါမှမဟုတ် Question နှစ်ကြောင်း ပါပြီးတော့ ဖြေဖို့လွယ်တဲ့ မေးခွန်းကို မေးရမလား" 
အန်သွန် - "ကျွန်တော့်ကို Question တစ်ကြောင်းထဲ ဖြစ်ပြီး ဖြေခက်တဲ့ မေးခွန်းကိုပဲ မေးပါဆရာမ" 
ဆရာ - "အေးကောင်းပြီ...ကမ္ဘာပေါ်မှာ လူဆိုတာဘယ်ကနေ စပြီးတော့ ဖြစ်လာတာလဲ" 
အန်သွန် - "အာရ်ဘတ် စကားရား ကနေပါဆရာမ" 
ဆရာ - "အန်...အဲဒီကနေ စပြီးတော့ လူဖြစ်လာတယ်လို့ မင်းကိုဘယ်သူပြောလဲ" 
အန်သွန် - "ဆရာမ! ဆရာမကျွန်တော့်ကို ပြောခဲ့တယ်လေ။ မေးခွန်းတစ်ခုပဲ မေးမယ်လို့။" 

အဲဒီမှာတင်ဆရာမလည်း သူ့စကားနဲ့တင် ပိတ်မိပြီးတော့ ကျောင်းသားကို လူတွေ့မှာအ အောင်ပေးလိုက်ရောတဲ့။ ဒါပါပဲကွယ်။


မှတ်ချက်- "အာရ်ဘတ် စကားရား " ဆိုသည်မှာ မော်စကိုရှိ လမ်းတစ်လမ်း၏ နာမည် ဖြစ်သည်။ မည့်သည့် မော်တော်ယာဉ်မှ မောင်းနှင်ခွင့်မရှိပါ။ လူသက်သက် သာလမ်းလျှောက်ရန် အတွက်ဖြစ်သည်။ Red Square အနီးတွင် တည်ရှိသည်။ Red Square ၏ပုံများကို ကြည့်ရှုလိုက Google Search Image တွင် Red Square ဟုရိုက်ထည့်ပြီး ကြည့်ရှုနိုင်သည်။