ဟိုအဟောင်းကို သုံးတာ လေးလလောက် ကြာသွားတော့ တစ်ခါတစ်လေ တော့လည်း အသစ်ပြောင်းချင် စိတ်ပေါက်လာတယ်။ ဒါပေမယ့် အချိန်ကလည်း မရဘူး။ ဒီနေ့တော့ မရမကကို စွတ်လုပ်လိုက်တာ အောင်မြင်သွားတယ်။ နည်းနည်းလောက် ကြည့်ပေးကြပါဦး။ ဘာတွေ လိုလည်း ဆိုတာကိုပေါ့။ အရောင်ကတော့ ဘယ်လိုမှကို ကြည့်လို့ မလိုက်ဘူး ထင်တာပဲ။ အော်... ဒါနဲ့တစ်ခု ပြောဦးမယ်။ ဒီနှစ် ရာသီဥတု ဖောက်ပြန်တာလား ရာသီဥတုက ကောင်းလာတာ လားတော့ မသိဘူး။ ဘာလို့လည်းဆိုတော့ ရုရှားဆိုတာ အအေးပိုင်းနိုင်ငံ၊ ဒီလောက်အေးတဲ့ နိုင်ငံတောင် ခုချိန်ထိ နှင်းက တစ်စက်လေးမှ မကျသေးဘူး။ ခရစ်စမတ် ရောက်ဖို့ကလည်း ဆယ့်နှစ်ရက်ပဲ လိုတော့တယ်လေ။ တကယ်တမ်းဆိုရင် အခုအချိန်မှာ နှင်းထုက တစ်ပေလောက်ထိ ရှိနေသင့်တယ်။ အခုတော့ မိုးဖွဲလေးတွေတောင် ကျကောင်းတုန်း။ နှင်းကျဖို့ ဆိုတာက ဟိုးဝေလာဝေး။ အရင်နှစ်က ဆိုရင် နိုဝင်ဘာ ဆယ်ရက်နေ့လောက် ကစပြီးတော့ နှင်းကျတယ်။ အခုတော့ မိုးကျနေတယ်။ ဆိုးပကွာ။ ငယ်ငယ်တုန်းကဆိုရင် ခရစ်စမတ်နေ့ ရောက်လို့ကတော့ ကိုယ်နဲ့လည်း ဘာမှမဆိုင်ပဲနဲ့ မနက်အစောကြီးထ တီဗီကို ထိုင်စောင့် ပြီးတော့ကို ကြည့်တာ။ ဘာကိုလည်းဆိုတော့ နှင်းကျတဲ့ သူများနိုင်ငံတွေမှာ နှင်းလျှောစီးတာတို့၊ ကမြင်းကျော ထတာတို့ကို တိုက်ရိုက် လွှင့်ပေးတယ်လေ။ အဲဒါကို ကြည့်ပြီးတော့ အားကျနေတာ။ ဟာ...ငါသာအဲဒီကို ရောက်လို့ကတော့ နှင်းတွေကို ဆုပ်ပြီးတော့ အချိုရည်ဆမ်းပြီး ရေခဲဂျစ် လုပ်စားမယ်ပေါ့။ တကယ်တမ်း နဖူးတွေ့၊ဒူးတွေ့ တွေ့တော့လည်း နည်းနည်းတော့ စိတ်ညစ်ဖို့ ကောင်းတယ်။ နှင်းကျတဲ့ ရာသီဆိုရင်တော့ မနက်ခင်း ဆိုရင်တော်တော် လှပါတယ်။ ဘယ်နေရာ ကြည့်ကြည့် အကုန်လုံးကို ဖွေးနေတာပဲ။ ခြေပစ်လက်ပစ် ကိုပစ်လှဲချင်စိတ်ပေါက်တယ်။ ဒါပေမယ့်သွားမလုပ် ပါနဲ့ သွေးခဲသွားမယ်။ ဒါနဲ့စကား လမ်းကြောင်းက လွဲသွားပြီ။ မနက်ခင်းဆိုလှတယ် ဒါပေမယ့် နေ့လည် ရောက်လို့ကတော့ လူတွေနင်းတာနဲ့ နှင်းတွေက ပျော်ကုန်ပြီး အကုန်လုံး ဗွက်ထကုန်တော့တာပဲ။ ပြီးတော့နှင်း မဟုတ်ပဲ ရေခဲနေတဲ့နေရာ တွေကလည်း ရှိသေးတယ်။ အဲဒီနေရာတွေမှာ သတိထားပြီးတော့ မသွားလို့ကတော့ တင်ပါးနဲ့ မြေကြီးမိတ်ဆက်ပြီ သာမှတ်တော့။ Shoe ဆိုရင်လည်း တော်ရုံတန်ရုံ နဲ့ဆိုမရပြန်ဘူး။ ဆောင်းတွင်းစီး Shoe ကိုစီး ပြီးတော့ကျောင်းသွား၊ ကျောင်းရောက်တော့ စာသင်ခန်းတွေက Heater ဖွင့်ထားတော့ ပူလာပြန်၊ အဲဒီလိုတွေ ကိုပြန်ကြည့်တော့လည်း နှင်းကျနောက်ကျတာ ကောင်းပါတယ်လေ။ ဘာတွေလဲကို မသိတော့ဘူး။ စိတ်ထဲ ပေါ်လာတာတွေကို ရေးထားတာ။