ဒီနေ့ညလည်း ကိုဖိုးချမ်းနဲ့ တော်ကီပွားလိုက် ဟိုလုပ်ဒီလုပ် လုပ်လိုက်နဲ့ ညတစ်နာရီကျော်သွားတယ်။ အဲဒါလည်းပြီးရော အိပ်ချင်စိတ်မရှိ သေးတာနဲ့ ဘလော့ အနည်းငယ်ကို လိုက်ဖတ်ဖြစ်လိုက်တယ်။ ပြီးတော့ ဖိုရမ် အနည်းငယ် ၀င်ရေးလိုက်သေးသည်။ အခုတောင် ၄ နာရီကျော်သွားပြီ။ ဘယ်လိုဖြစ်ဖြစ် အိပ်ချင်ချင် မချင်ချင်၊ စိတ်ပါပါ မပါပါ အိပ်ကိုအိပ် ရမည်။(ကိုယ့် ကိုကိုယ် Pressure ပေးနေတာ။) မနက်ဖြန်လည်း ခပ်စောစော ထ၍ သွားစရာ ရှိသေးသည်။ ထို့ကြောင့်အိပ်ကို အိပ်ရမည်။ ဒီနေ့ ညနေတွင် အိမ်နှင့်စကား ပြောမည်ဟု ချိန်းထားသေးသည်။ ထို့ကြောင့် မောင်မင်းအိပ် သင့်နေပြီ။ ဒါကြောင့်အိပ်ပြီ...အိပ်ပြီ...။