၂၉ ရက်နေ့မှစ၍ ကျောင်းလည် ထွက်လိုက်ခြင်းသည် ဒီနေ့မှ အဆောင်ပြန်ရောက်၏။ မနေ့ကတစ်ညလုံး သူငယ်ချင်းများနှင့် ဟိုအကြောင်း ဒီအကြောင်း ဆွေးနွေး၏။ ငယ်ကျိုး ငယ်နာများလည်း ပါ၏။ ဆွေးနွေးနေ လျှက်တစ်ခါတစ်ရံ စကားထများ၏။ နောက်ပြီး ဆက်လက်ဆွေးနွေး၏။ နံနက် ရှစ်နာရီလောက်တွင် အိပ်မည်ဟု ဆုံးဖြတ်ကာ အားလုံးအိပ်ရာဝင်၊ စောင်ခြုံကာရှိသေး တစ်ယောက်က ထဖောက်ကာ ဗိုက်ဆာသည်တဲ့။ တစ်ခုခု ထွက်စားမည်လို့ပြောတော့...စားပေါ့။ ထို့ကြောင့် အပြင်ထွက် မုန့်စားကာ ဆက်လက်၍ အိပ်စက်ခြင်း မပြုချင်တော့ သည့်အတွက်ကြောင့် အဆောင်ကိုပဲ တန်းတန်းမတ်မတ် ပြန်လာခဲ့၏။