အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် မိမိကိုယ်တိုင် သတ်မှတ် ကြေညာထားပြီး နိုင်ငံတော်သီချင်း၊ အလံ၊ ကိုယ်ပိုင် ငွေကြေးနှင့် နိုင်ငံကူး လက်မှတ်ပါ ပြဌာန်း ထားသော ဆီးလန်း နိုင်ငံလေးကို ၀ယ်ယူလိုပါက နိုင်ငံကို လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူ မင်းသား မိုက်ကယ်နှင့် ဆက်သွယ်ရန် ကြေညာထားသည်။ အခန်းရှစ်ခန်းစီ ပါရှိသော တိုက်မြင့် နှစ်လုံးဖြစ်သည့် ဆီးလန်း နိုင်ငံသည် အင်တာနက် လောင်းကစားဝိုင်းနှင့် ကမ်းလွန် ဘဏ်လုပ်ငန်း များအတွက် နေရာကောင်းတစ်ခု ဖြစ်နိုင်ကြောင်း ရောင်းချလိုသူ မင်းသားမိုက်ကယ် ကဆိုသည်။ကမ္ဘာပေါ်တွင် အသေးဆုံး ဖြစ်ပြီး မည်သည့် နိုင်ငံကမျှ သူ၏ အချုပ်အခြာ အာဏာပိုင်မှုကို အသိအမှတ်ပြု မခံရသည့် ဆီးလန်း နိုင်ငံသည် မကျယ်အဝန်း ၁၈၀၀ စတုရန်းပေ ရှိပြီး အမြဲတမ်း နေထိုင်သူ လူဦးရေ ၁၀ ဦးရှိသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက နာဇီ လေကြောင်းရန်ကို ကာကွယ်ရန် မြောက်ပင်လယ်တွင် တည်ဆောက်ခဲ့သော တိုက်မြင့်နှစ်လုံးကို နိုင်ငံအဖြစ် သတ်မှတ် နေထိုင်ကြသည်။