Mother's Day and My Birthday WaiHin May 13, 2007 Birthday 0 ဒီနေ့ အမေများနေ့လေ။ ပြီးတော့ ကျွန်တော့ မွေးနေ့လေ။ ဒီနှစ်မှာ မွေးနေ့က အမေများနေ့မှာ တိုက်ဆိုင်စွာ ကျရောက်ခဲ့တယ်။ ဒီနေ့မနက် တစ်နာရီလောက်မှာ အမေဆီကို ဖုန်းခေါ်ခဲ့တယ်လေ။ ဒါပေမဲ့ "လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ.."ဆိုတဲ့ မိန်းမ အသံနဲ့ပဲတိုးနေတယ်။ ၁၉၈၃ ခုနှစ် ကစပြီးတော့ အခု အချိန်ထိ လူလားမြောက်အောင် ကျွေးမွေးပြုစု ခဲ့တဲ့အမေ့ကို ကျေးဇူးလည်း အထူးတင်သလို၊ အရမ်းလည်း ချီးကျူးဂုဏ်ယူပါတယ် အမေ။ အမေများနေ့နဲ့ သားရဲ့မွေးနေ့မှာ မေမေစိတ်ချမ်းသာ ပျော်ရွှင်ပြီး သက်ရာကျော်ရှည် ပါစေလို့ သား အဝေးကနေပဲ ဆုတောင်း လိုက်ပါတယ် အမေ။ ဒါပေမယ့် အခုလို အဝေးမှာရောက်နေတဲ့ အတွက် တယ်လီဖုန်းနဲ့ ပဲကန်တော့ နိုင်မယ်။ ဒါပေမယ့် ကံတရား ကမဖြစ်လာဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ကျွန်တော့ မွေးနေ့တိုင်းမှာ ဆွမ်းကပ်ခဲ့တဲ့ အမေ ၊ အဲဒီဝတ္တရားကိုတော့ ပျက်ကွက်မှာ မဟုတ်ပါလေ။ သားမျက်စိထဲမှာ အမေဘုန်းကြီး ကျောင်းတစ်ခုမှာ ဆွမ်းကပ်ဖို့ မိုးဖွဲဖွဲ ထဲမှာ သွားနေတယ်လေ..... Tags Birthday Mother's day
0 Comments
Post a Comment