အခုတစ်လော ရာသီဥတုက နည်းနည်း ပြန်အေးလာတယ်။ စာမေးပွဲကလည်း စနေပြီ။ စားရသောက်ရတာတော့ အခုတစ်လော သိပ်မလှဘူး။ ချက်ရပြုတ်ရတာကို ၀ါသနာသိပ်မထုံဘူး ဖြစ်နေတယ်။ 

နွေရာသီရောက်ရင်တော့ ဘလော့ ပြန်ရေးမယ်လို့ စိတ်ကူးထားတယ်။ ဒါနဲ့ မြန်မာပြည်လည်း လွမ်းနေတယ်။

မော်စကိုမှာတော့ ကျောင်းပိတ်တော့မှာ မလို့ထင်တယ် ကွန်ပျူတာစျေး တွေထိုးကျနေတယ်။ ဒေါ်လာစျေး ကတော့ 1US=25.80 ရူဘယ်ရှိတယ်ဗျ။ 

နွေရာသီမှာ တစ်ခြားမြို့တစ် မြို့ကို ခရီးထွက်မယ်လို့တော့ စီစဉ်ထားတယ်။ သေချာ သလောက်ပါပဲ။